အမေရိကန်ပြည်ထောင်စု စက်တင်ဘာ ၁၂
တရုတ်သည် အမေရိကန် စိုက်/မွေး ထွက်ကုန်အများအပြား စတင်ဝယ်ယူလိမ့်မည်ဟု မျှော်လင့်ရကြောင်း သမ္မတထရမ့်က စက်တင်ဘာ ၁၂ရက်က တွစ်တာတွင် ရေးသားခဲ့သည်။
ယင်းမှတ်ချက်မှာ တရုတ်ကုန်စည် ၂၅၀ဘီလျံဖိုးအပေါ် အခွန်တိုးမြှင့်မည့် အစီအစဉ်ကို တရုတ်တောင်းဆိုမှုအရ အောက်တိုဘာ ၁ရက်မှ ၁၅ ရက်သို့ သမ္မတထရမ့်က ရွှေ့ဆိုင်းပေးပြီးနောက် ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။
ဈေးနှုန်းစုံစမ်း
တရုတ်ကုမ္ပဏီများသည် ပဲပုပ်ပဲနှင့် ၀က်သားအပါအ၀င် အမေရိကန် စိုက်/မွေးထွက်ကုန်များ၏ ဈေးနှုန်းများအား စတင်စုံစမ်းနေပြီဟု တရုတ်စိုက်ပျိုးရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ကြာသပတေးနေ့က ပြောဆိုခဲ့သည်။ တရုတ်နိုင်ငံသည် ကုန်သွယ်ရေးအပစ်ရပ်မှုကို ထရမ့်ရုတ်တရက်စွန့်ခွာခဲ့သည့် သြဂုတ်လတွင် အမေရိကန်မှ စိုက်/မွေးထုတ်ကုန်များ ၀ယ်ယူမှုကို ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။
နှစ်နိုင်ငံသည် အောက်တိုဘာအစောပိုင်းတွင် ၀ါရှင်တန်၌ ကုန်သွယ်ရေးစစ်ပြေငြိမ်းရေးအတွက် အခြေခံကောင်းများရရှိရေး မျှော်မှန်းလျက် လက်ထောက်အဆင့်ဆွေးနွေးပွဲများ ကျင်းပရန် သဘောတူညီထားခဲ့ကြသည်။ ယခုအကြိမ် ညှိနှိုင်းမှုသည် အောင်မြင်မှုသို့ ဦးတည်နိုင်သည်ဟုလည်း အတွင်းလူများနှင့် လေ့လာစောင့် ကြည့်သူများက ခန့်မှန်းထားကြသည်။
ဆွေးနွေးပွဲအကြောင်းအရာ
လာမည့်ဆွေးနွေးပွဲတွင် ကုန်သွယ်မှုမျှတရေး၊ ဈေးကွက်ချဉ်းကပ်မှုနှင့် ရင်းနှီးမြှုပ်နှံသူ ကာကွယ်ရေး စသည့်အကြောင်းအရာများ ပါဝင်လိမ့်မည်ဟု တရုတ်ဒုတိယ၀န်ကြီးချုပ် မစ္စတာ လျူဟီကပြောဆိုသည်။
KZT
Source - CNBC