သဘာဝဘေးအန္တရာယ်ကြောင့် ငါးကန်များ ပျက်စီးဆုံးရှုံးမှုရှိသော်လည်း လာမည့်လများတွင် ဈေးကွက်ထဲသို့ ငါးမျိုးစုံရောက်ရှိနိုင်
Sep 16,2019
ရန်ကုန် ဩဂုတ် ၂၉
သဘာဝဘေးအန္တရာယ်ကြောင့် ငါးကန် တချို့ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်နေသော်လည်း ဈေးကွက်ထဲတွင် လာမည့်စက်တင်ဘာလမှစ ၍ ငါးအမျိုးအစားစုံလင်စွာ ရောက်ရှိလာနိုင် ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အ ပတ်စဉ်ပုံမှန် အင်္ဂါသားငါးကဏ္ဍအစည်းအဝေး မှ သိရသည်။
လက်ရှိအချိန်တွင် သဘာဝဘေးအန္တရာယ် ကြောင့် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ငါးလုပ်ငန်းနှင့် ပတ်သက်ပြီး စုစုပေါင်းဧက ၇၈၀နှင့် ငွေကြေးတန်ဖိုး သိန်း ၂၅၀ဝကျပ် ပျက်စီးသွားကြောင်းကို ပြည်နယ်ငါးဦးစီး စာ ရင်းအရသိရှိရပြီး ထိုကဲ့သို့ ပျက်စီဆုံးရှုံးမှုများ ရှိနေသော်လည်း ယခုနှစ်ငါးမဖမ်းရ ရာသီအ ကုန်တွင် ဈေးကွက်ထဲသို့ အင်းအိုင်ငါး၊ ပင် လယ်ငါးနှင့် ရေချိုငါးများ အစုံအညီရောက်ရှိ လာနိုင်ကြောင်း အဆိုပါအစည်းအဝေးမှ သိရ သည်။
မြန်မာ့ပင်လယ်ပြင်မှာ မိုးနှောင်းကာလ မုန်တိုင်းရှိနိုင်သေးတဲ့အတွက်ကြောင့် ပင်လယ် ငါးဖမ်းသင်္ဘောတွေက နားရ၊ ရှောင်ရတာမျိုး တွေလည်း ရှိနိုင်ပါတယ်။ နောက်ပြီး closed season ရာနှုန်းပြည့် ပိတ်သိမ်းရခြင်း အကျိုးရ လဒ်က အထိအမိကောင်းမယ်။ ငါးအကောင် ကြီးလာမယ်ဆိုရင်တော့ စက်တင်ဘာလ၁ရက် နေ့နောက်ပိုင်းဈေးကွက်ထဲကို ပင်လယ်ငါးတွေ ဝင်ရောက်လာနိုင်ပါတယ်။ မေ၊ ဇွန်၊ ဇူလိုင်က လည်း အင်းအိုင်ငါးဖမ်းကာလ ပိတ်ထား တဲ့အတွက်ကြောင့် ဈေးကွက်ထဲမှာလာမယ့် အောက်တိုဘာလထဲ အင်းအိုင်ငါး၊ ပင်လယ် ငါးနှင့် ရေချိုငါးတွေ စုံစုံညီညီဝင်ရောက်လာ မယ်လို့ သုံးသပ်တင်ပြချင်ပါတယ် ဟု မြန် မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးဦးဝင်းကြိုင်က ပြောသည်။
April