ဘာလီကျွန်းနေ ဝက်မွေးမြူသူများ နည်းပညာ၊ ဈေးကွက်ဆိုင်ရာ အထောက်အပံ့များ ပိုမိုလိုလားဟုဆို
Sep 20,2019
ဘာလီ ဩဂုတ် ၁၄
အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းရှိ ဝက်မွေး မြူသူများသည် အစိုးရမှ ဝက်အလကားထောက် ပံ့ပေးခြင်း၊ ငွေကြေးပံ့ပိုးပေးခြင်းတို့ကို ပြုလုပ် သည်ထက် နည်းပညာနှင့် ဈေးကွက်ဆိုင်ရာ အထောက်အပံ့များကို ပိုမိုလိုလားကြောင်း ဘာလီကျွန်း ဝက်မွေမြူသူများအသင်းမှသိရ သည်။ ==ထောက်ပံ့ကြေးက ဝက်မွေးမြူရေးသ မားတွေကို ပညာရစေတာမဟုတ်ဘူး။ ဒါ့အပြင် ပိုက်ဆံလိုလာလို့ရှိရင် ထောက်ပံ့ထားတဲ့ အဲ့ဒီ ဝက်တွေကို ရောင်းကြတာပဲ။ သူတို့တကယ်လို တာက သူတို့ခြံစွမ်းဆောင်ရည်ကို ဘယ်လိုတိုး တက်အောင် လုပ်ရမလဲ။ ရောဂါဖြစ်ပွားမှုကို ဘယ်လိုကာကွယ်မလဲ။ အမြတ်ပိုထွက်အောင် ဘယ်လိုလုပ်ရမလဲ။ အဲဒီအတွက် နည်းပညာ အထောက်အပံ့ပဲ။ နောက်တစ်ခုက ဈေးကွက် ဆိုင်ရာ အထောက်အပံ့ကို သူတို့လိုတယ်++ ဟု အသင်းဥက္ကဋ္ဌက ပြောသည်။
KZT
Source - Asian Agribiz News