အာဖရိက ဝက်အပြင်းဖျားရောဂါ ပြီးနောက် မြန်မာ့ဝက်သားထုတ်လုပ်ရေးလုပ်ငန်း အဆင့်မြှင့်တင်ရေး ဆွေးနွေးပွဲများ ကျင်းပ
Nov 04,2019
ရန်ကုန်၊ အောက်တိုဘာ ၎
မြန်မာနိုင်ငံအတွင်းရှိ စီးပွားဖြစ်ဝက်မွေး မြူရေးနှင့် တစ်ပိုင်တစ်နိုင် ဝက်မွေးမြူရေးများ စဉ်ဆက်မပြတ်တိုးတက်စေရေး ရည်ရွယ်ချက် ဖြင့် ==အာဖရိကဝက်အပြင်းဖျားရောဂါ (ASF)
ပြီးနောက် မြန်မာ့ဝက်သားထုတ်လုပ်ရေး လုပ်
ငန်း အဆင့်မြှင့်တင်ရေး++ ဆွေးနွေးပွဲများကို အောက်တိုဘာလ ၁ ရက်နေ့က ရန်ကုန်မြို့ UMFCCI ရုံး မင်္ဂလာခန်းမနှင့် အောက်တို
ဘာလ ၃ ရက်နေ့တွင် နေပြည်တော်ရှိံငူအသညံသအနူ တို့တွင် အသီးသီး ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲများကို ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်း ရှင်များအသင်း(UMFCCI) ၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာလုပ်ငန်းကော်မတီ၊ မြန်မာနိုင်ငံ
မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်နှင့် ကမ္ဘာဘဏ် အုပ်စု၏ International Finance Corporation (IFC) တို့ ပူးပေါင်းစီစဉ်မှုဖြင့် ကျင်းပခဲ့သည်။
ဆွေးနွေးပွဲများသို့ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိ သူများ၊ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ ချုပ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလုပ်ငန်းရှင်များအသင်းတို့မှ တာ ဝန်ရှိသူများ ဝက်မွေးမြူသူများ တက်ရောက် ဆွေးနွေးခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲများတွင် ကမ္ဘာနှင့် မြန်မာတွင် ရောဂါဖြစ်ပွားမှုအခြေအနေများ၊ အာဖရိကဝက်အပြင်းဖျားရောဂါကြောင့် ဈေး
ကွက်အပြောင်းအလဲ၊ မွေးမြူရေးပုံစံအပြောင်း
အလဲဖြစ်ပေါ်မှုများ တင်ပြခဲ့ကြပြီး ထို အ
ပြောင်းအလဲများနှင့်အညီ မည်သို့ လုပ်ကိုင်
သွားကြမည် ဆိုသည်များကို ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။