ကမ္ဘာ့ခွေးရူးပြန်ရောဂါနေ့ (World Rabies Day) အထိမ်းအမှတ် နေပြည်တော်တွင် ကျင်းပ
Nov 04,2019
နေပြည်တော်၊ စက်တင်ဘာ ၂၈
ကမ္ဘာ့ခွေးရူးပြန်ရောဂါနေ့ကို စက်တင် ဘာ ၂၈ ရက်တွင် သက်မှတ်ထားပြီး အဆိုပါ အခမ်းအနားကို နေပြည်တော်ရှိံHilton Hotel တွင် ကျင်းပပြုလုပ်ခဲ့ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာအောင်သူ တက်ရောက်ခဲ့ ကြောင်း သိရသည်။
ခွေးရူးပြန်ရောဂါ ဖြစ်ပွားနှုန်းသည် ငှက် ဖျားရောဂါ၊ HIV ရောဂါများထက် နည်းနေ သော်လည်း သေနှုန်းသည် ၁၀ဝ ရာခိုင်နှုန်း ဖြစ်ကြောင်း ကမ္ဘာတွင် ခွေးရူးပြန်ရောဂါ ဖြစ်ပွားမှုနှုန်းသည် ၅၅၀ဝ၀-၆၀ဝ၀ဝ နှုန်းရှိ ကြောင်း၊ မြန်မာနိုင်ငံတွင် သေဆုံးသူဦးရေ၏ လေးဆယ်ရာခိုင်နှုန်းသည် ၁၅ နှစ်အောက် ကလေးများဖြစ်ကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအ ဖွဲ့ WHO ၏ ထုတ်ပြန်ချက်အရ ၁၅ မိနစ်
တိုင်းတွင် ခွေးရူးပြန်ရောဂါကြောင့် လူတစ်ဦး
သေဆုံးနေကြောင်း၊ ခွေးရူးပြန်ရောဂါ ကာကွယ်ရေးအဖွဲ့မှလည်း ခွေးရူးပြန်ရောဂါ
ကြောင့် တစ်ရက်လျှင် လူအယောက် ၁၀ဝ
သေဆုံးနေကြောင်း၊ မြန်မာနိုင်ငံသည် အာဆီ
ယံနိုင်ငံများအနက် ခွေးရူးပြန်ရောဂါဖြစ်ပွား
နှုန်းသည် အများဆုံးထဲတွင် ပါဝင်နေကြောင်း
ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဒေါက်တာ နန်းဖြူဖြူအောင်က ပြောသည်။
အဆိုပါ ခွေးရူးပြန်ရောဂါ၏ ၉၉ ရာခိုင် နှုန်းသည် ခွေးမှ ကူးခြင်းဖြစ်ပြီး ခွေးများကို ကာကွယ်ဆေးထိုးခြင်းသည် အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိပြီး ယခုလက်ရှိ အချိန်တွင် ခွေးမွေးမြူနှုန်းသည် သုံးဆခန့်မြင့်
တက်နေကြောင်း သိရသည်။
အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာန မှ ကြိုတင်ကာကွယ်ဆေးထိုးနှံခြင်း၊ ခွေးကိုက် ခံရစဉ် ကာကွယ်မှုခံယူခြင်း၊ ခွေးနှင့် ထိတွေ့ နေစဉ် ရောဂါထိတွေ့မှု မရှိစေရေး စသည်တို့ ကို လုပ်ဆောင်နေပြီး ယခုအခါ ခွေးရူးပြန် ရောဂါကာကွယ်နိုင်ရန်အတွက် Device Centre များကို ရန်ကုန်တိုင်းဒေသကြီးတွင် အင်းစိန်၊ မြောက်ဥက္ကလာ၊ သင်္ဃန်းကျွန်းနှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတို့တွင် ဖွင့်လှစ်နိုင် ခဲ့ကြောင်း သိရသည်။
အဆိုပါ ခွေးရူးပြန်ရောဂါနေ့ (World Rabies Day) ကို ၁၃ ကြိမ်မြောက်ဖြစ်ပြီး ပြည် သူလူထုအတွင်း ခွေးရူးရောဂါကာကွယ် တိုက် ဖျက်ရေးအတွက် အသိပညာနှင့် ဗဟုသုတ များ တိုးပွားလာစေရန်အတွက် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ဗစမငူ